သာဂါရာ အနဂါရာစ၊ ဥဘော အညောည နိဿိတာ။
အာရာဓယန္တု သရဋ္ဌံ၊ ဘုဇိဿံ ဥဿိတဒ္ဓဇံ။
သာဂါရာစ၊ အိမ်ရာတည်ထောင် လူတို့ဘောင်၌ ခေါင်းဆောင် ရှေ့သွား လူကြီးများတို့လည်းကောင်း။ အနဂါရာ စ၊ အိမ်ရာမထောင် သာသနာ့ဘောင်၌ ခေါင်းဆောင်ရှေ့သွား ဆရာတော်ဘုရားတို့သည်လည်းကောင်း။ ဥဘော၊ မြန်မာဒကာ မြန်မာဆရာဟု ကမ္ဘာကို ရှုနိုင်သည့် လူထုထိပ်ခေါင် ထိုခေါင်းဆောင် ၂ မျိုးတို့သည်။ အညောညနိဿိတာ၊ ကိုင်းကိုကျွန်းမှီ ကျွန်းကိုင်းမှီသို့ ပမည်မယွင်း အချင်းချင်း အားထားကြကုန်လျက်။ ဘုဇိဿံ၊ ၆၂ နှစ်မျှ ကျွန်ဘဝမှ လုံးဝမတ်မတ် လွတ်လပ်ခဲ့ပြီးသော။ သရဋ္ဌံ၊ မိမွေဖနှစ် ချက်မြှပ်ဖြစ်၍ အသစ်တည်ဖန် ကိုယ့်နိုင်ငံကို။ ဥဿိဒ္ဓဇံ၊ တို့ပြေတို့မြေ တို့အမွေဟု အခြေသိုက်မြိုက် စိုက်တလူလူ အောင်လံထူမြဲသာလျှင်။ အာရာဓယန္တု၊ မြေပြင်ရေပြင် ဝေဟင်မလပ် တပ်ပေါင်းကွပ်လျက် အမြတ်ရတနာ သာသနာလည်း ရောင်ဝါထိန်ညီး လုံးစုံပြီးအောင် ချီးမြှောက်နိုင်ကြပါစေသတည်။
အရှင်ဇနကာဘိဝံသ (တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး)
0 comments:
Post a Comment