Tuesday, 5 July 2011

ဥမ္မာဒန္တီပျို့ (၁၃)

၁၃။ ထိုသို့ပုဏ္ဏား။ မင်းကျိုးများ၌။ မထားမထောက်။ ဒေါသပေါက်၍့။ စိတ်နောက် ကိုယ်ပါ။ မဟုတ်ရာကို။ ညှာတာမရှိ။ လျှောက်ရှာဖိသော်။ မင်းကြီးစိတ်တွင်။ အဟုတ် ထင်လျက်။ မမြင်သော့အား။ ယုံမိမှား၍့။ မိဖုရားဖို့။ အင်္ဂါချို့လျှင်။ ငါတို့မင်းနှင့်။ မတော်သင့်ဟု။ စိတ်ချင့်ပြီးမူ။ ဆင်းနတ်တူကို။ မယူလိုငှာ။ မိန့်လိုက်ရာတွင်။ ဥမ္မာဒန္တီ။ ဆင်းနတ်ပီလည်း။ ဤမင်းကိုယ်သည်။ ရပ်မတည်အောင်။ ရုပ်ရည်တို့ကို။ ပြလိုစိတ် မှာ။ ငြိုးလေပါ၏့။ ဥစ္စာကြွယ်ရှေး။ ဘသဌေးလည်း။ ပြန်ရေးအပ်ပြီး။ စစ်သူကြီးက။ သ္မီးရတနာ။ မယ်ဥမ္မာကို။ သင့်ရာမှူးမတ်။ ပရိသတ်နှင့်။ တောင်းလတ်သော့အား။ ကျော်ထင်ရှားအောင်။ စုလျားပိုက်သွင်။ ပေးဆောက်နှင်းသည်။ သတင်းနှံ့သိ ကြော်ငြာ တည်း။

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international calls