Sunday, 10 July 2011

ဥမ္မာဒန္တီပျို့ (၂၅)

၂၅။ ဤသို့ပျံ့ပျူး။ ရထားမှူးလည်း။ ရှိဦးလက်စုံ။ ကြာပဒုံသို့။ ဥမ္မာဒန္တီ။ ဤသုဘမိ။ တရီဋိဝစ္ဆ။ လင်မှတွင်ပြီး။ စစ်သူကြီးတိ။ တိုင်းလုံးသိကား။ အဘိပါရက။ နာမမည်သာ။ ထိုဥမ္မာကား။ ရုပ်ဝါဆင်းပြင်။ သုရုပ်သွင်ကို။ မြင်လျှင်ခဏ။ မတည်ပအောင်။ ရူးကြ ရာတွင်။ ဥမ္မာဒန္တီ။ သညီနာမ။ ခေါ်ဆိုကြဟု။ တစမကြွင်း။ လျှောက်တုံလျှင်းသော်။ မင်းလည်းထိုခါ။ စောဥမ္မာကို။ ဂါထာဖွဲ့ဆို။ ချီးမွမ်းလို၍့။     ။သံချိုမိန့်တော် ရင့် ကျူးတည်း။

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | cheap international calls